Monday, December 19, 2016



ဂစ်​တာထိန်းသိမ်းနည်း ..
 
၁။ နံရံ (သို့) ထုတ်​တန်းတွင်​ သံရိုက်​ထားပြီး ဂစ်​တာကို ချိတ်​ပါ။ ဂစ်​တာထိပ်​တွင်​ အ​ပေါက်​မပါပါက Key အစွန်းဖြင့်​ ချိတ်​နိုင်​ပါတယ်​။

၂။ ဂစ်​တာကို ကြမ်းပြင်​တွင်​ ချထားခြင်း ၊ နံရံ (သို့) အရာဝတ္ထုတစ်​ခုခုကို မှီပြီး ​ထောင်​ထားခြင်း မပြုလုပ်​ပါနဲ့။ တိုက်​မိပါက အနည်းဆုံး​ဆေးပွန်းပြီး ပြင်းထန်​ပါက ဖလက်​တန်​ပါ ကျိုးသွားနိုင်​ပါတယ်​။ တက်​နိုင်​သမျ ​ရှောင်​ကြဉ်​ပါ။

၃။ Guitar Stand များကို ​ဈေးကွက်​ထဲတွင်​ ​ဈေးနှုန်း ချိုသာစွာဖြင့်​ ဝယ်​ယူနိုင်​တဲ့အတွက်​ ဝယ်​ပြီး အသုံးပြုပါက ပို​ကောင်းပါတယ်​။

၎။ ​အေး၍ ​ခြောက်​​သွေ့​သော ​နေရာတွင်​သာထားပါ။ ​နေ​ရောင်​ မထိုးပါ​စေနဲ့။ ထင်းရူးဖုံး ဂစ်​တာများဆိုပါက ပို၍ ဂရုစိုက်​ပါ။

၅။ ဂစ်​တာကို အသုံးမပြုဖြစ်​ပါက (သုံး​လေးရက်​မျှဖြစ်​​စေ) ကြိုးများကို ​လျှော့ထားပါ။ ကာလကြာရှည်​ မတီးဖြစ်​ပါက ကြိုးဖြုတ်​ထားပါ။ သံ​ချေးကိုက်​နိုင်​သလို ဖလက်​တံ​ကော့ပြီး ဘားငြိနိုင်​ပါတယ်​။


၆။ မိမိဂစ်​တာသည်​ အဆင့်​မြင့်​ဂစ်​တာဖြစ်​ပါက ဖလက်​တံထဲတွင်​ steel rod ပါလာ​လေ့ရှိပါတယ်​ ။ အနည်းငယ်​မျှ ဘားငြိခြင်းကို steel rod ကို လှည့်​​ပေးခြင်းဖြင့်​ မိမိဘာသာ ပြုပြင်​နိုင်​ပါတယ်​။

၇။ ​ဆေးအ​ရောင်​​တောက်​လိုပါက ကားဆိုင်​ကယ်​များအတွက်​ အသုံးပြု​သော KIT ဘူး အဝါကို အသုံးပြုပြီး တိုက်​​ပေးနိုင်​ပါတယ်​။

ဂစ်​တာချစ်​သူများ ​ပျော်​ရွှင်​နိုင်​ပါ​စေ..

https://www.facebook.com/YadanarGuitar/



No comments:

Post a Comment