Tuesday, December 20, 2016
နိုင်ငံခြားဂစ်တာထဲမှာ တန်းမြင့် အမျိုးအစားဖြစ်ပြီး Professional Level ထိ အသုံးပြုနိင်ပါတယ်။
Pickup ပါဝင်တဲ့အတွက် တီးဝိုင်း၊ Speaker များဖြင့် တွဲဖက်တီးခတ်နိုင်ပါတယ်။
အရည်အသွေးပိုင်း အထူးကောင်းမွန်ပါတယ်...
In stock ရှိပါတယ်.....
စိတ်ဝင်စားပါက ရတနာဂစ်တာ ၊ ၃၈ လမ်း ၈၁ * ၈၂ လမ်းကြား သို့ လာရောက်ကြည့်ရှုနိုင်ပါတယ်....
https://www.facebook.com/YadanarGuitar/
GiXe & Guitarist Guitar
တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ ဂစ်တာတွေပါ။
ပေါင်းသားတွေ ဖြစ်တဲ့အတွက် ပေါ့ပါးပြီး ကြာရှည်ခံပါတယ်။ ဈေးနှုန်းကတော့ ၆၀၀၀၀ ပါ ..
(နိုင်ငံခြား Guitar တွေထဲမှာတော့ Budget Level လို့ ပြောလို့ရပါတယ်)
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ....

2. ရိုးရိုးလိုက်ကာ ဂစ်တာ
ဂစ်တာတစ်အိုးလုံးကို ဆေးမှုတ်ထားပါတယ်။
မိမိကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပြီး ကြိုးကတော့ Steel ကြိုးကို သုံးလေ့ရှိပါတယ် ။
Key အနေဖြင့် တရုတ်ကြွှေကီးကို အသုံးပြုထားတဲ့အတွက် သံချေးတက်ခြင်းမှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
သင့်တော်တဲ့သူတွေကတော့ စတင်တီးခတ်မယ့်သူများ ၊ ငွေကြေးအသင့်အတင့် သုံးနိုင်တဲ့သူများပဲ ဖြစ်ပါတယ်။
ဂစ်တာရိုးရိုးလုံးနဲ့ ဈေးနှုန်း အနဲငယ်သာ ကွာခြားမှု ရှိပါတယ်။
စိတ်ဝင်စား၍ ဆက်သွယ်ဝယ်ယူချင်ရင် Yadanar FB Page (or) Phone ဖြင့် ဆက်သွယ်နိုင်ပြီး ဆိုင်သို့လဲ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုနိုင်ပါတယ်။

Monday, December 19, 2016
ဂစ်တာထိန်းသိမ်းနည်း ..
၁။ နံရံ (သို့) ထုတ်တန်းတွင် သံရိုက်ထားပြီး ဂစ်တာကို ချိတ်ပါ။ ဂစ်တာထိပ်တွင် အပေါက်မပါပါက Key အစွန်းဖြင့် ချိတ်နိုင်ပါတယ်။
၂။ ဂစ်တာကို ကြမ်းပြင်တွင် ချထားခြင်း ၊ နံရံ (သို့) အရာဝတ္ထုတစ်ခုခုကို မှီပြီး ထောင်ထားခြင်း မပြုလုပ်ပါနဲ့။ တိုက်မိပါက အနည်းဆုံးဆေးပွန်းပြီး ပြင်းထန်ပါက ဖလက်တန်ပါ ကျိုးသွားနိုင်ပါတယ်။ တက်နိုင်သမျ ရှောင်ကြဉ်ပါ။
၃။ Guitar Stand များကို ဈေးကွက်ထဲတွင် ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်တဲ့အတွက် ဝယ်ပြီး အသုံးပြုပါက ပိုကောင်းပါတယ်။
၎။ အေး၍ ခြောက်သွေ့သော နေရာတွင်သာထားပါ။ နေရောင် မထိုးပါစေနဲ့။ ထင်းရူးဖုံး ဂစ်တာများဆိုပါက ပို၍ ဂရုစိုက်ပါ။
၅။ ဂစ်တာကို အသုံးမပြုဖြစ်ပါက (သုံးလေးရက်မျှဖြစ်စေ) ကြိုးများကို လျှော့ထားပါ။ ကာလကြာရှည် မတီးဖြစ်ပါက ကြိုးဖြုတ်ထားပါ။ သံချေးကိုက်နိုင်သလို ဖလက်တံကော့ပြီး ဘားငြိနိုင်ပါတယ်။
၆။ မိမိဂစ်တာသည် အဆင့်မြင့်ဂစ်တာဖြစ်ပါက ဖလက်တံထဲတွင် steel rod ပါလာလေ့ရှိပါတယ် ။ အနည်းငယ်မျှ ဘားငြိခြင်းကို steel rod ကို လှည့်ပေးခြင်းဖြင့် မိမိဘာသာ ပြုပြင်နိုင်ပါတယ်။
၇။ ဆေးအရောင်တောက်လိုပါက ကားဆိုင်ကယ်များအတွက် အသုံးပြုသော KIT ဘူး အဝါကို အသုံးပြုပြီး တိုက်ပေးနိုင်ပါတယ်။
ဂစ်တာချစ်သူများ ပျော်ရွှင်နိုင်ပါစေ..
https://www.facebook.com/YadanarGuitar/
Thursday, December 15, 2016
ဂစ်တာချစ်သူများအတွက် ဈေးကွက်ထဲတွင် ရရှိနိုင်သော ပြည်တွင်းထုတ် ဂစ်တာအမျိုး အစားများကို ရှင်းပြပေးချင်ပါတယ်
1. ရိုးရိုးလုံး
ဂစ်တာအရှေ့ခြမ်းကို ဆေးမှုတ်ထားပြီး ဘေး၊အနောက်ဘက်ခြမ်းနဲ့ လက်တံများကို အနက်ရောင်ဆေးသုတ်ထားပါတယ်။အရောင်စုံရရှိနိုင်ပြီး ကြေးကြိုးကို အသုံးပြုထားပါတယ် ။ Key ကိုတော့ တရုတ်ကြွှေကီးကို အသုံးပြုထားတဲ့အတွက် သံချေးတက်ခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါတယ်။
ဂစ်တာကို ယခုမှ စတင်တီးခတ်မယ့်သူများ ၊ Budget သမားများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
** ဂစ်တာအမျိုးအစားအများကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်
Yadanar Guitar Facebook Page

Wednesday, December 14, 2016
နှစ်သစ်ကူးအကြို Promotion အနေဖြင့် ရတနာ ဂစ်တာဆိုင်မှ Guitar များ အားလုံးကို 10% Discout ဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်... :-)
Subscribe to:
Posts (Atom)